ရသေ့တောင် ဒီဇင်ဘာ ၁၃
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Youth Club အဖွဲ့ဝင်များနှင့် ယမန်နေ့ နေ့လယ်ပိုင်းက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် ခေါင်းဆောင်မှအအတွေး၏ အရေးပါမှုစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ စာပေမှရသောအသိအမြင် ဗဟုသုတများကို အသုံးချ၍ လက်တွေ့နယ်ပယ်တွင် တတ်ဖိုးရှိသောလူမှုဘဝများဖြစ်လာစေရန်၊ စာပေကိုမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုပွားများလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များအား မျှဝေတတ်ရန်၊ အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်စေရန်ရည်ရွယ်၍ ယခုလို စာဖတ်ဝိုင်းပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ စာပေချစ်မြတ်နိုးသူYouthClub အဖွဲ့ဝင်မောင်သူရိန်ခန့်မှ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် ခေါင်းဆောင်မှုအတွေး၏ အရေးပါမှုစာအုပ်မှ လူငယ်နှင့်ပညာရေး စာပိုဒ်အားဆွေးနွေးပြောကြားပြီး YouthClub အဖွဲ့ဝင် မခင်ငြိမ်းအေးမှ ခေါင်းဆောင်မှုစာပိုဒ်နှင့် YouthClub အဖွဲ့ဝင် မသူသူခင်မှအတွေး၏ အရေးပါမှုစာပိုဒ်တို့အား အချင်းချင်းဖတ်ကြား ဆွေးနွေးခဲ့ကြပြီး ဖတ်ကြားဆွေးနွေးချက်များအပေါ် ဒုတိယဦးစီးမှူးမှ ထပ်ဆင့်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ စာဖတ်ဝိုင်းသို့ Youth Club အဖွဲ့ဝင် (၈)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းလင်းကျော် (ပြန်/ဆက်)