ပန်းဘဲတန်း စက်တင်ဘာ ၂၂
ပန်းဘဲတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စည်ပင်သာယာ နယ်နိမိတ်အတွင်း သိမ်ကြီးဈေးရှိ ဈေးဆိုင်များနှင့် လမ်းဘေးဈေးဆိုင်၊ အိမ်ဆိုင်များ အား အချိန်အကန့်အသတ်ဖြင့် ရောင်းချမှုများ စတင်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ပန်းဘဲတန်းမြို့နယ်အတွင်းရှိ ဈေးများတွင် အခြေခံ စားသောက်ကုန်ပစ္စည်းများနှင့် ဆေးဝါးရောင်းချသည့်ဆိုင်များအား နေ့စဉ် နံနက် (၇)နာရီမှ နေ့လယ် (၂)နာရီအထိ ရောင်းချရန်နှင့် ကျန်ရှိသည့် ဆိုင်များကို ယာယီပိတ်သိမ်းထား ကြောင်း သိရှိရသည်။
အဆိုပါ သတ်မှတ်ချိန်အတိုင်း ဈေးရောင်းချခွင့်ရှိသည့် ဆိုင်များအနေဖြင့် အောက်တိုဘာလ(၁)ရက်နေ့ အထိ အလေးထားလိုက်နာ ဆောင်ရွက်သွားရန်နှင့် လိုက်နာခြင်းမရှိသူများကို တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။
နေခြည်(ပြန်/ဆက်)