သာကေတမြို့နယ်၌ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၃/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကျင်းပ

သာကေတ ဒီဇင်ဘာ ၁၂

ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန (သင်္ဃန်းကျွန်းခရိုင်၊ ဗိုလ်တထောင်ခရိုင်၊ ဒဂုံမြို့သစ်ခရိုင်)ခရိုင် အဆင့်ရှာဖွေကယ်ဆယ်ရေး သင်တန်းအမှတ်စဉ် (/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉,၃၀)နာရီ အချိန်က အရှေ့ပိုင်းခရိုင် ရုံးစိုက်ရာ၊ သာကေတမြို့နယ်၊ (၁၀)တောင်ရပ်ကွက်၊ အရှေ့ပိုင်းခရိုင် မီးသတ်ဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းသူက မျက်မှောက် ခေတ်ကာလမှာရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများ ဖြစ်စဥ်များကြောင့် ကြုံတွေ့ရမည့် ငလျင်ဘေးအန္တရာယ် အပါအဝင်သဘာဝဘေး အန္တရာယ်များအား ရှေးတန်းကျကျ တုံ့ပြန်ရင်ဆိုင်ကြမဲ့ မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်ကြတဲ့ ပရဟိတလူမှုကူညီရေး အသင်းအဖွဲ့အစည်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မားလာစေရန်၊ နိုင်ငံတကာ၌ အသုံးပြုနေသည့် ခေတ်မီအခြခံရှာဖွေ ကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများကို ကျွမ်းကျင် ပိုင်နိုင်စွာဖြင့် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းအသုံးပြုတက်စေရန်၊ အခြေခံရှာဖွေကယ်ဆယ်ရေး နည်းစနစ်များကို လက်တွေ့လေ့ကျင့် သင်ကြားပေးနိုင် ရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်းအဖွင့်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းအား ရန်ကုန်အရှေ့ပိုင်းရှိ ခရိုင်()ခရိုင်အတွင်းမှ ကြက်ခြေနီတပ်ဖွဲ့(၁၅)ဦး၊ ပရဟိတလူမှုကူညီရေးအသင်း (၈၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့(၂၀)ဦး စုစုပေါင်း(၁၂၀)ဦးမှ တက်ရောက်ကာ ဒီဇင်ဘာလ(၁၂)ရက်နေ့မှ (၂၁)ရက်နေ့အထိ နံနက်(:၀၀)နာရီမှ ညနေ(:၀၀)နာရီ အချိနိအထိ ဖွင့်လှစ်ပို့ချမည်ဖြစ်ကာ မီးသတ်တပ်ဖွဲ့၏ အခန်းကဏ္ဍ၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်များ၊ အခြေခံကြိုးချည် နည်းစနစ်များ၊ ကြိုးအသုံးပြု၍ ကယ်ဆယ်ခြင်းနည်းစနစ်များ၊ ခေတ်မှီရှာဖွေရေး ကယ်ဆယ်ရေး ပစ္စည်းများအား ကိုယ်တွယ်ထိန်းသိမ်း အသုံးပြုခြင်းများ၊ အသက်ရှုကိရိယာ အသုံးပြုခြင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်ပါက အခြေခံအသက်ကယ်နည်းစနစ်နှင့် လူနာသယ်ဆောင်နည်းမျာအပြင် မိမိတို့သက်ဆိုင်ရာဒေသအတွင်း ဖြစ်ပွားကြုံတွေ့နိုင်သော ဘေးအန္တရာယ် အမျိုးအစားများ အားတုံ့ပြန်ဆောင်ရွက်ရာတွင် လိုအပ်သည့် ရှာဖွေကယ်ဆယ်ရေး သင်ခန်းစာများအား တောင်ဥက္ကလာပမြို့နယ်၊ တာမွေမြို့နယ်တို့မှ သင်တန်းနည်းပြနှစ်ဦးက စာတွေ့လက်တွေ့ ဆင့်ပွားပို့ချသွားမယ်ဖြစ်ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)