ဝမ်းတွင်းမြို့နယ်တွင် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲကျင်းပ

ဝမ်းတွင်း   ဒီဇင်ဘာ   ၁၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် နိုင်ငံတော်မှကျင်းပသော အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ယမန်နေ့က အမှတ်(၃)ရပ်ကွက်ရှိ ဗဟိုကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ နိုင်ငံတော်မှ ကျင်းပသော အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကြီးကို မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီးနှင့် အဖွဲ့ဝင် ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဝမ်းတွင်းမြို့နယ်တွင် နိုင်ငံတော်မှ ကျင်းပသည့် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲကြီးတွင် ဖြေဆိုရန်စာရင်းရှိ(၄၁)ဦး၊ လာရောက်ဖြေဆိုသူ(၃၇)နှင့် ဖြေဆိုရန်ပျက်ကွက်သူ(၄)ဦးရှိကြောင်း သိရသည်။

မြိုနယ်(ပြန်/ဆက်)