သာစည်မြို့နယ်တွင် မနောသုခ Rs-Cs မိုးစပါးစံကွက်ရိတ်သိမ်း၊ တစ်ဧက စပါးအစို ၉၅ တင်း ထွက်ရှိ

သာစည် ဒီဇင်ဘာ ၁၂

သာစည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်း စိုက်ပျိုးထားသော မိုးစပါးစံကွက်များ ရိတ်သိမ်းပွဲကို ယနေ့နံနက် ၈ နာရီခွဲက မင်းလှကျေးရွာအုပ်စု ကွင်းအမှတ် ၁၈၄၂ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသက်သာမနောသုခစိုက်ခင်း ၄ ဧက၌ ပြုလုပ်ကြောင်းသိရသည်။

စံကွက်ရိတ်သိမ်းရာတွင် မြို့နယ်အတွင်းစိုက်ပျိုးထားသော မိုးစပါးတစ်ဧက ပျမ်းမျှအထွက်နှုန်း သိရှိမှန်ကန်စေရန်နှင့် အထွက်နှုန်း နည်းပညာပေးလုပ်ငန်းများအတွက် ၀.၁၀ ဧကကို စံကွက်အဖြစ် သတ်မှတ်ပြီး ရိတ်သိမ်းခဲ့ရာ တစ်ဧကလျင် စပါးအစို ၉၅ တင်း ထွက်ရှိကြောင်းသိရသည်။

အဆိုပါ မိုးစပါးစံကွက် ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာလင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဒေါ်ဌေးဌေးနှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်တောင်သူများ တက်ရောက်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)