အမရပူရမြို့ စျေးချိုရပ်ကွက်နေပြည်သူများနှင့် ဌာနဆိုင်ရာများတွေ့ဆုံပွဲ ကျင်းပ

အမရပူရ ဒီဇင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ မရပူရခရိုင် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၏ အနီကပ်ကြီးကြပ်မှုဖြင့် အမရပူရမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ကြောင်းနှင့် ကျန်တန်းရပ်ကွက် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နေ့ ၁ နာရီအချိန်က အဆိုပါရပ်ကွက်ရှိ ဦးလင်း  ဘုရားဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိတ်ဆက်ပေးခဲ့သည်။ ထို့နောက် နယ်မြေလုံခြုံရေးအတွက် မြို့နယ် ရဲမှူး၊ ရဲမှူးမျိုးလွင်အောင်က လက်ရှိအခြအနေကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးက ပြည်သူများအတွက် အမှန်တကယ် လိုအပ်သည့် ဒေသဖွံ့ဖြိုးရေးကိစ္စများနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးပေးရန် ပြောကြားခဲ့သည်။ မြို့နယ်ကော်မရှင် ဦးစီးအရာရှိ ဒေါ်နန်းအေးအေးစိုးက လာမည့်ရွေးကောက်တွင် ကျင့်သုံးမည့် PR စနစ်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိစေရန် ရှင်းလင်းဆွေးနွေးပေးခဲ့သည်။ အသေးစားလုပ်ငန်းများနှင့် ပတ်သက်ပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ရပ်ကွက်နေ အသေးစား လုပ်ငန်းရှင်များအတွက် ချေးငွေကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့​သည်။ တက်ရောက်လာသူများမှ၊ လောင်းကစားကိစ္စရပ်များ၊ အိမ်ထောင်စုစာရင်းကိစ္စများကို တင်ပြကြရာ သက်ဆိုင်ရာဝန်ထမ်းများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး တက်ရောက်လာသော ပြည်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဆီငါးဆယ်သားဘူး ၁၀၀ ဘူးကို တစ်ဘူး ကျပ်နှစ်ထောင်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)