မဟာအောင်မြေ ဒီဇင်ဘာ ၁၂
မဟာအောင်မြေမြို့နယ်အတွင်း ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်းကြီး (၅)ကြောင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ဣစ္ဆာသယဘုန်းကြီးကျောင်းဝင်းအတွင်းရှိ သန်းရတနာဓမ္မာရုံ၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသ ဖွံဖြိုးရေးအတွက် ရပ်ကွက်နေ ပြည်သူများနှင့်တွေ့ဆုံပွဲအခမ်းအနား ယနေ့နံနက်ပိုင်းကကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မြင့်ဦး၊ အဖွဲ့ဝင် (၁)ဗိုလ်မှူး ဆွေလွင်အောင်၊ အဖွဲ့ဝင်(၂)ဦးထွန်းထွန်းဝင်း၊ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနမှ လဝကမှူး ဦးသန့်ဇင်၊ ဒု-မြို့နယ်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူး ခင်မောင်လတ်၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးရဲမင်းလွင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ချောချောနိုင်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်၊ မဟာအောင်မြေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဘိုဘိုဟန်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမျိုးမင်းထွန်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးညွှန့်ဝင်းအောင်၊ ရပ်မိ/ရပ်ဖ၊ ရာအိမ်မှူးများ စုစုပေါင်းအင်အား(၇၀)ဦးခန့် တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ရပ်ကွက်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ပြည်သူများကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီနေထိုင်နိုင်ရေး ချပြရှင်းလင်းခြင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဦးစီးအရာရှိမှ ရွေးကောက်ပွဲနှင့်ပတ်သက်သည် PR စနစ်ဖြင့် ဆောင်ရွက်မည့်ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များအားချပြရှင်းလင်းခြင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးမှ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအားချပြရှင်းလင်းခဲ့ရာ တက်ရောက်လာသည့်ပြည်သူများမှ PR စနစ်နှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းမှုအပေါ် မြို့နယ်ရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးရဲမင်းလွင်မှ ပြန်လည် ရှင်းလင်းဖြေကြားခြင်း၊ လိုအပ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ပြမှုအပေါ် သက်ဆိုင် ရာ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ရှင်းလင်းဖြေကြားခဲ့ပြီးနောက် ဌာနဆိုင်ရာများပါဝင်သည့် စစ်ကြောင်း(၅)ကြောင်းအဖွဲ့သည် မဟာမြိုင်(၂)ရပ်ကွက်၊ လမ်း ၄၀ ၊ ၆၀x၆၁ လမ်းကြား၊ အောင်စံရန်အေးဓမ္မာရုံ၌ ပြည်သူများနှင့် ဆက်လက်တွေ့ဆုံပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာများနှင့် ပြည်သူများစုစုပေါင်းအင်အား (၇၀)ဦးခန့်တက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်းခိုင်မှ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စ ရပ်များ၊ ဧည့်စာရင်းဆိုင်ရာကိစ္စရပ်များ၊ ရပ်ကွက်အတွင်း မွေးဖွားခြင်း/သေဆုံးခြင်း၊ ပြောင်းဝင် ခြင်း/ပြောင်းထွက်ခြင်း ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းပြောကြားခြင်းနှင့် ရပ်ကွက်အတွင်း ဆောင်ရွက်ပေးရန်လိုအပ်သည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များအား တက်ရောက်လာသူများမှ တင်ပြပေးရန် ပြောကြားခြင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိမှ ရွေး ကောက်ပွဲနှင့်ပတ်သက်သည် PR စနစ်ဖြင့် ဆောင်ရွက်မည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ချပြရှင်းလင်းခြင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးမှ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံနိုင်ရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအား ချပြရှင်းလင်းခဲ့ရာ တက်ရောက်လာသည့်ပြည်သူများမှ ရပ်ကွက်အတွင်း လိုအပ်သည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ပြမှုအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများမှ ရှင်းလင်းဖြေကြားခဲ့ကြောင်းသိရသည်။
အောင်ဇော်မင်း