တံတားဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

တံတားဦး  ဒီဇင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း ရတနာထွန်းခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် တံတားဦးမြို့နယ် တာဝန်ခံပညာရေးမှူး ဦးကိုကိုမောင်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေပြီး အသိပညာဗဟုသုတတိုးပွားစေရန်အချင်းချင်းအသိပညာအတတ်ပညာ ဖလှယ်နိုင်စေရန် ပူးပေါင်းဆောင်ရွက်တက်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန် ရည်ရွယ်ပြီး  လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင် ဦးဆောင်ကာ တံတားဦးမြို့အခြေခံပညာအထက်တန်းကျောင်း Grade -9 မှ မောင်ကျော်ဇင်သိုက်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်၎င်း၊ မသိရိဖြိုးက လူငယ်နှင့်မူးယစ်ဆေးဝါး ဖြင့်၎င်း၊ Grade -10မှ မောင်ကျော်မင်းခန့်က လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်ဖြင့်၎င်း၊ မအိန္ဒြာမျိုးက လူငယ်နှင့် အချိန်ခေါင်းဖြင့်၎င်း ၊ Grade –11မှ မောင်ဇေယျာထွန်းက လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်၎င်း ၊မသဲအိဇော်က လူငယ်နှင့်မီဒီယာခေါင်းစဉ်ဖြင့်၎င်း အသီးသီးဆွေးနွေးခဲ့ကြောင်းသိရသည်။

  ဦးရဲတင့်(ပြန်/ဆက်)