လှည်းကူးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲကျင်းပ

လှည်းကူး ဒီဇင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား/ သူများ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁)နာရီက လှည်းကူးမြို့၊ သာသနာ့ရိပ်သာရပ်ကွက်ရှိ မေဃဝတီအခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ

ဟောပြောပွဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဒုတိယဦးစီးမှူးဦးတင်မျိုးအောင်က ကျောင်းသား/ သူများကို လူငယ်နှင့်စာပေအကြောင်း၊ မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများ၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများကို အသိပညာပေးဟောပြောသည်။ ထို့နောက်ပြန်/ ဆကဦးစီးဌာနက ပြသထားသော၊ မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာများ၊ ကိုဗစ်၁၉ရောဂါအကြောင်း အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ပြသထားရာ ကျောင်းသား/ သူများက စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)