ပင်လုံ ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၁) နာရီခန့်က ပန်မုန့်ကျေးရွာ အခြေခံမူလတန်း ကျောင်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mobile library ကွင်းဆင်းဆောင်ရွက်ခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာဖတ်သည ့်အလေ့အကျင့်ကောင်းများ ရစေရန်၊ အသိပညာဗဟုသုတများစွာ ရရှိစေရန်ရည်ရွယ်ပြီး စာကြည့်တိုက်သို့ကိုယ်တိုင် မလာရောက်နိုင်သည့် ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများကို သုတ/ရသစာအုပ်များ၊ မဂ္ဂဇင်း၊ ဝတ္ထုစာအုပ်များကို စာဖတ်ပရိတ်သတ်များထံ လက်ဝယ်အရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)