ကျောက်ပန်းတောင်း ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စကားဝါမြေအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာကော် မတီအတွင်းရေးမှူး၊ ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆွေဆွေမြင့်က ၂၀၂၁-၂၀၂၂ ခုနှစ်၊ လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် လုပ်ငန်းစီမံချက်များကိုရှင်းလင်းပြောကြားသည်။ ယင်နောက် တက်ရောက်လာသည့် ကော်မတီဝင်ဌာနဆိုင်ရာ များ၏ ဆွေးနွေးအကြံပြုချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး၊ မြို့နယ်ကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်က နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။ အစည်းအဝေးအပြီးတွင် ၂၀၂၂ခုနှစ်၊ဩဂုတ်(၂၅)ရက်နေ့ နံနက်(၆)နာရီက ကျောက်ပန်း တောင်းမြို့ နယ်ပြည်သူ့ဆေးကြီးတွင် သုံးမြွာပူးကလေးမွေးဖွားသည့် ဂွေးကုန်းကျေးရွာမှ ဦးဖိုးထောင်၏ဇနီးဖြစ်သူ ဒေါ်သိုက်ဌေးနှင့် ကလေးငယ်များအား၊ ညောင်ဦးခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒေါ်ဆွေဆွေမြင့် (ဦးစီးအရာရှိ)မှ ထောက်ပံ့ငွေကျပ်(၅)သိန်းကို မိခင်ဒေါ်သိုက်ဌေး ထံလက်ရောက်ပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်၊ ကော်မတီအတွင်းရေးမှူး (ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ) ဒေါ်ဆွေဆွေမြင့်နှင့် မြို့နယ်ကော်မတီဝင်ဌာနဆိုင်ရာများ၊ မြို့နယ် မိခင်နှဖင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေအဖွဲ့ဝင်များ၊ မြို့နယ်အမျိုး သမီးရေးရာ ကော်မတီဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)