ဝမ်းတွင်းမြို့နယ် ကိုင်းကျေးရွာအုပ်စု မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

ဝမ်းတွင်း ဒီဇင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီးမိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် ကိုင်းကျေးရွာအုပ်စု မိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကွင်းအမှတ် (၁၁၄၀/၂၁၀၅) ရှိ တောင်သူဒေါ်ခင်ဝေ၏ စံကွက်တွင်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ ခရိုင်မြေစာရင်းဦးစီးမှူး၊ မြိုနယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မြေစာရင်းဦးစီးမှူးနှင့် စိုက်ပျိုးရေး ဝန်ထမ်းများတက်ရောက်ခဲ့ကာ မိုးစပါးစံကွက် ရိတ်သိမ်းခြင်းကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေးဝန်ထမ်းများမှ မိုးစပါးစံကွက် ဦးပိုင်အမှတ် ၆င/၂ ဧရိယာ ၀.၉၆ဧက ရိတ်သိမ်းရာ မိုးစပါး (၁)ဧက အထွက်နှုန်း  (၁၁၃.၆) တင်းထွက်ရှိကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)