အမရပူရ ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် အမရပူရမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ၅ ကြောင်းနှင့် ကျန်တန်းရပ်ကွက် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက မိုးကောင်းဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိတ်ဆက်ပေးခဲ့သည်။ ထို့နောက် နယ်မြေလုံခြုံရေးအတွက် မြို့နယ်ရဲမှူး၊ ရဲမှူးမျိုးလွင်အောင်က လက်ရှိအခြအနေကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်မြို့နယ်ကော်မရှင် ဦးစီးအရာရှိ ဒေါ်နန်းအေးအေးစိုးက လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် PR စနစ်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိစေရန် ရှင်းလင်းပြောကြားခဲ့သည်။ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြည်သူများအတွက် အမှန်တကယ် လိုအပ်သည့် ဒေသဖွံ့ဖြိုးရေးကိစ္စများနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးပေးရန် ပြောကြားခဲ့သည်။ တက်ရောက်လာသူများမှ လောင်းကစားကိစ္စရပ်များ၊ အိမ်ထောင်စုစာရင်းကိစ္စများကို တင်ပြကြရာ သက်ဆိုင်ရာ ဝန်ထမ်းများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး တက်ရောက်လာသော ပြည်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဆန်၊ ကြက်ဥထုပ်၊ ခေါက်ဆွဲခြောက်၊ ဆပ်ပြာမှုန့်နှင့်ဆားများကို ဝေငှပေးခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)