မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ  မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

တံတားဦး ဒီဇင်ဘာ ၁၂

တံတားဦးခရိုင် တံတားဦးမြို့နယ်  စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုဘတ်ဂျတ်ရန်ပုံငွေဖြင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းများကို ယနေ့နံနက်(၁၀)နာရီက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

ပြည်ထောင်စုဘတ်ဂျက်ရန်ပုံငွေဖြင့် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းဖြစ်သည့် Linn Myat Eain ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် တံတားဦးမြို့နယ် မြင်းသည်အခြေခံပညာအထက်တန်းကျောင်း၌   ခွင့်ပြုငွေကျပ် (၃၃.၃) သန်းဖြင့် ဆောက်လုပ်သည့် အလျား ၄၀ ပေ ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိ Steel Structure အုတ်ညှပ် (၁) ထပ် စာကြည့်တိုက်အသစ် အဆောက်အဦကိုလည်းကောင်း၊ Linn Myat Eain ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ထန်းပေါက်ကုန်းကျေးရွာရှိ  အခြေခံပညာမူလတန်း ကျောင်းတွင် ခွင့်ပြုငွေကျပ် (၄၉.၉၅) သန်းဖြင့် ဆောက်လုပ်သော အလျား ၆၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိ အုတ်ညှပ်(၁)ထပ် Steel Structure အဆောက်အဦကိုလည်းကောင်း၊ Linn Myat Eain ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် သဲတောကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ခွင့်ပြုငွေ ကျပ် (၄၉.၉၅) သန်းဖြင့် ဆောက်လုပ်သော အလျား ၆၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိ အုတ်ညှပ်(၁)ထပ် Steel Structure အဆောက်အဦကိုလည်းကောင်း၊ ဇွဲဝသန်ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သည့် တပယ်ကျေးရွာ အ‌ခြေခံပညာအထက်တန်းကျောင်းတွင်  ခွင့်ပြုငွေကျပ် (၇၄.၉၂၅) သန်းဖြင့် ဆောက်လုပ်သော အလျား ၉၀ ပေ ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိ အုတ်ညှပ် (၁) ထပ် Steel Structure အဆောက်အဦနှင့် ခွင့်ပြုငွေကျပ် (၄၉.၉၅) သန်းဖြင့် ဆောက်လုပ်သော အလျား ၉၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၁၂ ပေရှိ Steel Structure အုတ်ညှပ်(၁)ထပ်  သိပ္ပံဆောင်အသစ် အဆောက် အဦကိုလည်းကောင်း ကိုလည်းကောင်း ကွင်းဆင်းစစ်ဆေးကြသည်။

ကွင်းဆင်းစစ်ဆေးရာတွင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ အဆောက်အဦများကို စံချိန်စံညွှန်းနှင့်အညီ ဆောက်လုပ်ရေး၊ အလုပ်သမားများအနေဖြင့် လုပ်ငန်းခွင်ပေါ်တွင် ဘေးအန္တရာယ်မဖြစ်စေရေး၊ ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို စနစ်တကျဆောင်ရွက်ရေး၊ အဆောက်အဦ သစ်များအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် အရည်အသွေးပြည့်မီရေးတို့ကို  လုပ်ငန်းခွင်၌ တာဝန်ရှိသူများကို ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

ရဲတင့်