တန့်ယန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွန်ကရစ်လမ်းဆောင်ရွက်ပေး

တန့်ယန်း  ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရှိန် အဟုန်မြှင့်၍ ဆောင်ရွက်ပေးနေရာ မန်ကောင်းမူးကျေးရွာအုပ်စု၊ ကောင်းစံကျေးရွာတွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ မန်ကောင်းမူးကျေးရွာအုပ်စု၊ ကောင်းစံကျေးရွာ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးစီမံကိန်း (VDP) ၏ ခွင့်ပြုရန်ပုံငွေကျပ် သိန်း (၁၀၀) နှင့် ကျေးရွာနေ ပြည်သူလူထုလုပ်အား တန်ဖိုးပါဝင်မှု ငွေကျပ်သိန်း (၅၀ ဒဿမ ၇၀) ဖြင့် အရှည် (၇၈၀) ပေ၊ အကျယ် (၁၂) ပေရှိလမ်းအား မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လမ်းပြီးစီးခဲ့၍ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများနှင့် ဆက်သွယ်သွားလာရေး ကောင်းမွန်သွားပြီဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)