နောင်ချို ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ဖိလစ်ပိုင် School Game ပြိုင်ပွဲ အတွက် လူရွေးပွဲကျင်းပခြင်းကို ယမန်နေ့ နံနက်ပိုင်းက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျားမ ဘာလုံးပြိုင်ပွဲ၊ ကျားမဘောလီဘောပြိုင်ပွဲနှင့် ကျားခြင်းလုံးပြိုင်ပွဲ တို့ကို နမ့်ဆောင်ဟူးဘောလုံးကွင်း၌ လည်းကောင်း၊ ကျား၊ မ ပြေးခုန်ပစ်ပြိုင်ပွဲကို မျက်ချင်းနု အားကစားကွင်း၌ လည်းကောင်း ကျင်းပခဲ့ရာ အခြေခံပညာ အလယ်တန်းအဆင့်၊ အထက်တန်း အဆင့်ရှိ (၁၈) နှစ်အောက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၁) ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်းနှင့် ယနေ့နံနက်ပိုင်းတွင် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဆက်လက်ကျင်း လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖိလစ်ပိုင် School Game ပြိုင်ပွဲအတွက် လူရွေးပွဲကို မြို့နယ်ပညာရေးမှူး၏ အနီးကပ် ကြီးကြပ်မှုဖြင့် ပညာရေးဌာနမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက တာဝန်ယူဆောင်ရွက် ပေးခဲ့ပြီး မြို့နယ်အဆင့်ပြိုင်ပွဲ၌ ဆုရရှိသူများအား ခရိုင်အဆင့်ပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ကြောင်း၊ ခရိုင်မှပြည်နယ်၊ ပြည်နယ်မှ ဗဟိုအဆင့် စသည်ဖြင့် အဆင့်ဆင့် ယှဉ်ပြိုင်ရွေးချယ် သွားမှာဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထွေးငယ် (နောင်ချို၊ပြန်/ဆက်)