မဟာအောင်မြေ ဒီဇင်ဘာ ၁၂
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်အများပြည်သူများ စားဝတ်နေရေးအဆင် ပြေစေရန်ရည်ရွယ်၍ အခြေခံလူတန်းစားများအတွက် ပြည်သူသက်သာ ထမင်းတစ်ပွဲ(၅၀၀)ကျပ်နှုန်းဖြင့် ယနေ့နံနက်ပိုင်းက ၃၆×၃၇ လမ်း ကမ်းနားလမ်းတွင် ရောင်းချပေးခဲ့သည်။
အဆိုပါ ရောင်းချမှုတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးတင်မြင့်ဦးနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ဝိုင်းဝန်းကူညီရောင်းချပေးခဲ့ပြီး ပြည်သူသက်သာ ထမင်းတစ်ပွဲ (၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချမှုများကို ချမ်းအေးသာစံ၊ မဟာအောင်မြေ၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်မြို့နယ်တို့တွင် ထမင်းတစ်ပွဲ(၅၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့ပြီး ထမင်းတစ်ပွဲကုန်ကျစရိတ် ဆန်၊ဆီမပါ တစ်ပွဲလျှင်(၁၃၅၀)ကျပ်ကုန်ကျပြီး ပြည်သူများ ဈေနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်စေရန် ထမင်းတစ်ပွဲ (၅၀၀)ကျပ်ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်သူသက်သာ ထမင်းတစ်ပွဲ(၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေးခြင်းအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌဦးတင်မြင့်ဦးနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ တက်ရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း