မိုင်းခတ် ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် (၉) နာရီခွဲ အချိန်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သိကောင်းစရာများအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပရခြင်းအကြောင်း ပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုဝန်ထမ်း-၃ ဦးမာကုမှ မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ပါ အခြေခံမူ (၄) ရပ်၊ အခွင့်အရေး(၄)ရပ်၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ၏ ရည်ရွယ်ချက်များ၊ မြန်မာနိုင်ငံမှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ လုပ်ငန်းနှင့်ပတ်သက်ပြီး အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအကြောင်း၊ လူမှုဝန်ထမ်း-၄ ဒေါ်ထွေးငယ်မှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်းတို့ကို အကျယ်တဝံ့ဆွေးနွေး ပြောကြားခဲ့ကြသည်။
အဆိုပါ Talk Show ဆွေးနွေးပွဲများအား ပြည်သူများ ကြည့်ရှုလေ့လာမှတ်သားနိုင်စေရေး အတွက် Online မှတစ်ဆင့် စဉ်ဆက်မပြတ် ထုတ်လွှင့်ပြသပေးလျက်ရှိရာ သိရှိလိုသည်များအား We Love Mong khat Facebook Page တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)