ဒဂုံမြို့သစ်(အရှေ့ပိုင်း) စက်တင်ဘာ ၂၂
ရန်ကုန် အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရန်အတွက် မြို့နယ်အတွင်းရှိ ပိုးတွေ့လူနာများနှင့် အနီးကပ် ထိတွေ့ ခဲ့သော (မိသားစုဝင်) များအား သီးခြား နေထိုင်စေ၍ အသွားအလာ ကန့်သတ် စောင့်ကြပ် ကြည့်ရှုမှုများ ပြုလုပ်သွားနိုင်ရန် အတွက် သူနာပြု နှီးနွယ်သင်တန်းကျောင်း တွင်စက်တင်ဘာ ၁၅ ရက်နေ့မှစတင်၍Quarantine Centre ဖွင့်လှစ်ခဲ့ပြီး ယခုအခါ ပိုးတွေ့လူနာများ များပြားလာသည့်အတွက်(အထက၁)ကျောင်း၌ စင်တာသစ်ကို စက်တင်ဘာ ၂၁ ရက်က ထပ်မံ ဖွင့်လှစ်ထားကြောင်းသိရသည်။
အဆိုပါ စင်တာ၌ ပိုးတွေ့လူနာများနှင့်အနီးကပ်ထိတွေ့ ဆက်ဆံမှုရှိခဲ့သူများကိုထားရှိ၍ အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး နှာခေါင်း တို့ဖတ်/အာခေါင် တို့ဖတ်ယူ၍ စစ်ဆေးခြင်းများကို ပြုလုပ်ထားကြောင်း၊ စင်တာတွင် အသွားအလာ ကန့်သတ် စောင့်ကြည့်ခံနေသူများအား မနက်စာ၊ နေ့လယ်စာ၊ ညစာ အစားအသောက် နှင့် နေထိုင်ရေး အတွက် လိုအပ်သည်များကို စီစဉ်ပေးထားကြောင်း၊ စင်တာအတွက် လိုအပ်သည် များကို လှူဒါန်းလိုသော အလှူရှင်များ အနေဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေကျော်၊ အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးကျော်ကျော်မောင်၊ မြို့နယ် စည်ပင် သာယာအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်တို့ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်။
လှလှထွေး(ပြန်/ဆက်)