မိုင်းငေါ့ ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့၊ လူထုအခြေပြုဗဟိုဌာန Community Centre ရုံးခန်းတွင် ယမန်နေ့နံနက (၁၀) နာရီက ဒေါက်တာမတင်ဝင်း (ပညာရေးတက္ကသိုလ်) ရေးသားထားသော “ကောင်းနေတဲ့ကံကိုမဆိုးပါစေနဲ့” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်မို့မို့က စာဖတ်ဝိုင်းပြုလုပ်ရခြင်းကြောင့်၊ လူငယ်လူရွယ်များ၊စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်း များ ရရှိလာစေရန်၊ စာပေအကြောင်းအရာများက နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကိုပြုလုပ် ဆောင်ရွက်ရ ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် Youth Club အသင်းမှ မအေးသီတာက လူဘဝဆိုတာပြည့်စုံခဲတယ်၊ မဟေမာန်ဦး က မကောင်းမှုမှာ မွေ့လျော်တဲ့သူများနဲ့ မရင်းနှီးမိပါစေနဲ့၊ မနှင်းယုစံက လောကမှာ မဖြစ်နိုင်တဲ့ အရာဘာမှမ ရရှိဘူးစသည့် ခေါင်းစဉ်အသီးသီးတို့ကို ဖတ်ကြားခဲ့ကြပြီး စာအုပ်ပါ အကြောင်း အရာများကို ပြန်လည် ဆွေးနွေးခဲ့ကြကြောင်းနှင့် စာဖတ်ဝိုင်းကို တစ်လလျှင် (၁) ကြိမ်ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)