မက်မန်း ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ကျေးရွာ(၅)နှင့်ပြည်နယ်ရန်ပုံငွေဖြင့် ကျေးရွာ(၆)ရွာ၊ စုစုပေါင်း(၁၁)ရွာအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းရန်ပုံ ငွေလွှဲပြောင်းပေးအပ်ပွဲကို မက်မန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ယမန်နေ့က ကျင်းပခဲ့သည်။
ရှေးဦးစွာ မက်မန်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဦးဆန်းမင်းက အဖွင့်အမှာစကား ပြောကြားပြီး မက်မန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ဦးမိုင်းညီဇော်လှအောင်က စီမံကိန်းများ ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြော ကြားသည်။
ထို့နောက် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဆန်းမင်းနှင့် တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းကျေးရွာများမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးကော်မတီများထံသို့ စီမံကိန်းထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း(၁၀၀)စီဖြင့် ကျေးရွာ(၁၁)ရွာအတွက် ကျပ်သန်း(၁၁၀)အား လွဲပြောင်းပေးအပ်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
စောဥမ္မာ
(ခရိုင်၊ ပြန်/ဆက်)