မိုးနဲမြို့နယ်၌ ဆီထွက်ပန်းနှမ်း စိုက်ခင်းများ ရိတ်သိမ်း

မိုးနဲ ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဝမ်ဟေးရပ်ကွက်နေ ဦးစိတ္တ၏ယာခင်း၌ စိုက်ပျိုးထားသော ဆီထွက်ပန်းနှမ်းစိုက်ခင်းများ ယမန်နေ့အချိန်က စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။

ယာခင်းအတွင်း ဆီထွက်ပန်းနှမ်းစိုက်ခင်းများကို မိုးရာသီကာလ ဩဂုတ်လ နှောင်းပိုင်းတွင် စိုက်ပျိုးထားခဲ့ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့ ယမန်နေ့တွင် စတင်ရိတ်သိမ်းခဲ့ကြောင်း၊ ရိတ်သိမ်းရာတွင် () ဦးကို နေ့စား ကျပ် ၇၀၀၀ ဖြင့် ငှားရမ်းခဲ့ကြောင်း၊ တစ်နိုင်တစ်ပိုင် ယာခင်းဖြစ်သည့် အတွက် နံနက် နာရီခွဲအချိန်တွင် စတင်ရိတ်သိမ်းခဲ့ရာ ညနေ နာရီခွဲ အချိန်တွင် ပြီးစီးသွားကြောင်း၊ ဆီထွက်ပန်းနှမ်းများ ရိတ်သိမ်းပြီးနောက် ရိုက်တုတ်ဖြင့် ပုတ်၍ စကောဖြင့်ပြာပြီး ရရှိသည့် နှမ်းစိများကို ဆီကြိတ်စက်သို့ သွားရောက် ဆီကြိတ်ရောင်းချသွားမည်ဖြစ်သဖြင့် ဈေးကောင်းရရှိရန် မျှော်လင့်ကြောင်း၊ ပန်းနှမ်းများ ရိတ်သိမ်းပြီးနောက် ထွန်ယက်၍ သီးထပ်ရာသီသီးနှံတမျိုးမျိုးကို ထပ်မံစိုက်ပျိုးသွားမည် ဖြစ်ကြောင်းနှင့် ဝမ်ဟေးကျေးရွာနေ ပန်းနှမ်းစိုက်တောင်သူများမှာလည်း ပန်းနှမ်းစိုက်ခင်းများကို ရိတ်သိမ်းနေပြီဖြစ်ကြောင်း ဦးစိတ္တထံမှသိရသည်။

ဇင်ကိုကို (ပြန်/ဆက်)