မိတ္ထီလာမြို့နယ်တွင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ကြက်ဥများ ထောက်ပံ့ပေးအပ်

မိတ္ထီလာ  ဒီဇင်ဘာ  ၁၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား  ငွေကျပ် လေးဆယ့်သုံးသိန်းကျော်တန်ဖိုးရှိ ကြက်ဥများထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက်က မြို့နယ်စစ်မှုထမ်းဟောင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စစ်မှုထမ်းဟောင်းဥက္ကဌ ဗိုလ်မှူးသန်းနိုင်(ငြိမ်း)က အမှာစကားပြောကြားရာတွင်  စစ်မှုထမ်းဟောင်းအဖွဲ့များအား စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက် မြို့နယ်စစ်မှုထမ်းဟောင်းရုံးမှ  ငွေကျပ် ၄၃၂၁၅၀၀ တန်ဖိုးရှိ ကြက်ဥများအား စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ သည်။ ထို့နောက် မြို့ နယ်စစ်မှုထမ်းဟောင်းဥက္ကဋ္ဌ ဗိုလ်မှူးသန်းနိုင်(ငြိမ်း)နှင့် ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူး နန္ဒကျော်သူ(ငြိမ်း)တို့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ကြက်ဥများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲသို့ မြို့နယ်စစ်မှုထမ်းဟောင်းဥက္ကဋ္ဌ ဗိုလ်မှူးသန်းနိုင်(ငြိမ်း)၊ ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးနန္ဒကျော်သူ(ငြိမ်း)နှင့် တာဝန် ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)