မိုင်းပန်မြို့နယ်၌ ဆံပင်၊ မိတ်ကပ်၊ အလှပြုပြင်ရေးသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

မိုင်းပန် ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်ခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နမ့်တိန်းကျေးရွာရှိ ကျေးရွာခန်းမ၌ ဒေသခံပြည်သူများအား နံနက်(၉)နာရီမှ စတင်ကာ ဆံပင်၊ မိတ်ကပ်၊ အလှပြုပြင်ရေးသင်တန်း ဖွင့်လှစ်သင်ကြားပေးနေကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိုင်းပန်မြို့နယ်အနောက်ရပ်ကွက်ရှိ အလှပြင်ဆရာမဒေါ်နန်းဆိုင်စိန် ကအခြေခံမှ စတင်ကာ Skin Care နည်း၊ အသားအရည်အလိုက် Foundation ရွေးချယ်နည်း၊ Concelarဖြင့် ဝက်ခြံ၊ အမဲစက်၊ အမာရွတ်၊ မွေးရာပါအမှတ်၊ တင်းတိပ်ဖုံးနည်း၊ မိတ်ကပ်ဖြင့် နာတံစင်းအောင်လုပ်နည်း၊ မျက်နှာသွယ်အောင် လိမ်းခြယ်နည်း၊ မျက်ခုံးဆွဲနည်း၊ မျက်တောင် တုတပ်နည်း၊ နှုတ်ခမ်းနီလိမ်းနည်း နှင့်ဆံပင်ထုံးဖွဲ့ပုံ အစရှိသည်တို့ကို  သင်တန်းသား/ သင်တန်းသူ (၂၀)ဦးတို့အားသင်ကြား ပြသပေးလျက်ရှိပြီး အဆိုပါသင်တန်းကို ဒီဇင်ဘာလ (၁၀)ရက်နေ့မှ (၁၃)ရက်နေ့ အထိ (၄)ရက်တာ သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မိုင်းပန်(ပြန်/ဆက်)