ကျောက်ဆည် ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေး ကာကွယ်ဆေးများကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယနေ့နက်(၉)နာခွဲအချိန် စတုတ္ထအကြိမ်၌ (၄၃၈၅)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးများထိုးနှံပေးရာတွင် လွှမ်းခြုံမှု ရှိစေရေး၊ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ကျန်းမာရေး၀န်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၀င်များ၊ လူမှုရေးအသင်းအဖွဲ့၀င်များ ပူးပေါင်းခဲ့ပြီး ပြည်သူများ သတ်မှတ်အကြိမ် သတ်မှတ်ရက်များတွင် လာရောက်ထိုးနှံရေး အသိပေးဆောင်ရွက်လျက်ရှိကြောင်းနှင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများ ပူးပေါင်း၍ စုကြီးရပ်ကွက်ရှိ မြို့တော်ခန်းမနှင့် သံရွာ၊ မင်းစု၊ စမာ၊ ဖျောက်ဆိပ်ပင်၊ ရဲရွာ၊ ဒွေးလှ ကျန်းမာရေးဌာနခွဲ ဆေးရုံများနှင့် စက်ရုံ၊ အလုပ်ရုံများတွင် သတ်မှတ်ရက်အလိုက် ထိုးနှံပေးလျက်ရှိရာ ပထမအကြိမ်တွင် (၂၁၁၄၅၁)ဦး၊ ဒုတိယအကြိမ်တွင် (၁၉၂၁၃၉)ဦး၊ တတိယအကြိမ်တွင်(၃၆၅၀၂)ဦးနှင့် စတုတ္ထအကြိမ်တွင် (၄၃၈၅) ဦး၊ စုစုပေါင်း(၄၄၄၄၇၇)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
သက်မောင်(ကျောက်ဆည်)