မော်လမြိုင် ဒီဇင်ဘာ ၁၂
မွန်ပြည်နယ်အတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများအနေဖြင့် မော်လမြိုင်မြို့၊ သမိုင်းဝင် ခေါင်းဆေးကျွန်းစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုရာတွင် သွားလာမှု လွယ်ကူအဆင်ပြေချောမွေ့စေရေးအတွက် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်ရှိ ခေါင်းဆေးကျွန်းဆိပ်ခံတံတား တည်ဆောက်ပြီးစီးနေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ဆိပ်ခံတံတားတည်ဆောက်ရေး တာဝန်ရှိသူမှ ခေါင်းဆေးကျွန်းဆိပ်ခံတံတား ကွန်ကရစ်တံတား၊ Balley Bridge နှင့် ဆိပ်ခံဘော တည်ဆောက်ခြင်းလုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဆိပ်ခံတံတား ရေရှည်အသုံးပြုနိုင်ရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီစေရေး အလေးထား ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အဆိုပါ ခေါင်းဆေးကျွန်းဆိပ်ခံတံတားကို မော်လမြိုင်မြို့နယ်အတွင်းရှိ ရေလမ်းခရီးဖြင့်သာ သွာလာရသော ကျွန်းပေါ်ကျေးရွာအုပ်စုများဖြစ်သည့် ကော့တွန်၊ ကော့စိန်၊ ကော့ပေါက် ကျေးရွာအုပ်စုမျာသို့ သွားလာမှု မြန်ဆန်စေရေးအတွက် ဆိပ်ခံတံတားအဖြစ်လည်း အသုံးပြုနိုင်ကြောင်းလည်း သိရသည်။
ခင်စန်းမြင့် ခရိုင်ပြန်/ဆက်