အလုံမြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား စားသောက်ကုန်များထောက်ပံ့လှူဒါန်း

အလုံ စက်တင်ဘာ   ၂၂


ကိုဗစ်- ၁၉ ဖြစ်ပွားနေစဉ် ကာလအတွင်း စားဝတ်နေရေး အထောက်အပံ့တစ်ခု ဖြစ်စေရေး အတွက်  ရည်ရွယ်ကာ ရန်ကုန်အနောက်ပိုင်းခရိုင်၊  အလုံမြို့ ကြက်ခြေနီ တပ်ဖွဲ့ဝင်များအား ယနေ့မွန်းလွဲ(၁) နာရီက ဆန်နှင့်ဆီ စားသောက်ကုန်များ ထောက်ပံ့ လှူဒါန်းပေးအပ်ခဲ့ကြောင်းသိရသည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင် အလုံမြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော် အောင်နှင့် ဇနီးမှ တပ်ဖွဲ့ဝင်(၁၂) ဦးတို့အား တစ်ဦးလျှင် ဆန်(၈)ပြည့်နှင့် ဆီ ၁ပိဿာစီ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
တင်တင်ချို (အလုံ)