မိုင်းယောင်းတွင် မြို့၏သမိုင်းဝင်အထင်ကရနေရာများ၌ လာရောက်လည်ပတ်သူများပြား

မိုင်းယောင်း ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြို့၏သမိုင်းဝင်အထင်ကရနေရာများ၌ ရပ်နီးရပ်ဝေးမှ ဘုရားဖူးဧည့်သည်များနှင့် လာရောက်လည်ပတ်သူများဖြင့် လာရောက်လည်ပတ်သူများပြားလျက်ရှိကြောင်း တွေ့ရသည်။

မိုင်းယောင်းမြို့၏ သမိုင်းဝင်အထင်ကရနေရာများဖြစ်ကြသည့် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်ဓာတ်လုံစွမ်ယောင်း(ထပ်လုံ)စေတီ၊ သက်တမ်း နှစ် ၂ဝဝဝ ကျော်ရှိ ဗောဓိရွှေညောင်ပင်(မိုက်ဆလီခမ်း)နှင့် ဖပီလုံပါဝုန်း(ဈာန်ရကိုရင်ကြီး)တောရကျောင်း၌ ဒေသခံတိုင်းရင်းသားပြည်သူများ၊ ရပ်နီးရပ်ဝေးမှ ဘုရားဖူးဧည့်သည်များနှင့် လာရောက်လည်ပတ်သူများ၊ စိတ်အေးချမ်းသာစွာ အနားယူအပန်းဖြေကြသူများဖြင့် စည်ကားများပြားခဲ့ကြောင်း တွေ့ရှိရသည်။

စိုင်းအောင်ဇော်လင်း