အမရပူရ ဒီဇင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်း (၆၆/၆)ရှိ မြေပြင်တွင် စာရင်းများကွင်းဆင်းကောက်ယူနိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၉)နာရီက ဆောင်ရွက်ကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် အမရပူရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက မဲစာရင်းပြုစုရေးဆိုင်ရာကိစ္စများ၊ နိုင်-၄ နှင့် ပုံစံ(၆၆/၆)များ၊ မြေပြင်ကွင်းဆင်းတိုက်ဆိုင် စစ်ဆေး ချိန်တွင် မသန်စွမ်းအမျိုးအစားအလိုက် စာရင်းကောက်ယူနိုင်ရေး၊ မြေပြင်ကွင်းဆင်းရာတွင် အဖွဲ့(၂၇)ဖွဲ့ခွဲ၍ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဒါ့အပြင် မြေပြင်လူဦးရေစာရင်း(၆၆/၆)ရှိ မြေပြင်တွင်စာရင်းများ ကွင်းဆင်းကောက်ယူနိုင်ရေးအတွက် ကွင်းဆင်းရက်များ သတ်မှတ်နိုင်ရေးနှင့်အခက်အခဲရှိကတင်ပြရန်တို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်ပြီး အမရပူရခရိုင် လူဝင့်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်နိုင်မင်းက အလုပ်ရုံဆွေးနွေးကျင်းပရခြင်း ရည်ရွယ်ချက်များနှင့် ဆက်လက် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်နယ်မြေကွင်းဆင်းရာတွင် လုံခြုံရေးဆောင်ရွက်ထားရှိမှုများကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဒုမှူးကြီးဝင်းကိုက ရှင်းလင်းပြောကြားခဲ့သည်။ နောက်ကျင်းပမည့် ရွေးကောက်ပွဲ နှင့်ပတ်သက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းအေးအေးစိုး က ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးအောင်ထွန်းက အုပ်စုလိုက်ဆောင်ရွက်ရမည့်သူများ အမှန်တကယ်လုပ်ဆောင်နိုင်ရန်အဖွဲ့ခွဲပြီး လက်တွေ့ဆောင်ရွက်ခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးအောင်ထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးမှား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးစာရေးဝန်ထမ်းများ၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှဝန်ထမ်းများ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ တက်ရောက်ကြကြောင်းသိရသည်။
စိုးသီဟ(အမရ)