ချောင်းဆုံမြို့နယ်တွင် မြေဆီစူပါဩဂဲနစ်သဘာဝမြေဩဇာ မိတ်ဆက်ခြင်းနှင့် တောင်သူများအား အသုံးပြုနိုင်ရေး ပညာပေး ဟောပြောပွဲပြုလုပ်

ချောင်းဆုံ ဒီဇင်ဘာ ၁၁

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်ရှိ တောင်သူများစိုက်ပျိုးရေးကဏ္ဍတွင် အထွက်နှုန်းတိုးတက်ရေးအတွက် အထောက်အကူပြုစေရန်ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဩဂဲနစ်သဘာဝမြေဩဇာဖြန့်ဖြူးရေးလုပ်ငန်းတို့ ပူးပေါင်းပြီး မြေဆီစူပါကုမ္ပဏီမှထုတ်လုပ်သည့် ဩဂဲနစ်သဘာဝမြေဩဇာအား တောင်သူများလက်တွေ့အသုံးချနိုင်ရေး ပညာပေးဟောပြောခြင်းနှင့် ကုန်ပစ္စည်းမိတ်ဆက် ရှင်းလင်းခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၀ ရက်နေ့က မြို့နယ်ကျွန်းသာယာခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မြေဆီစူပါဩဂဲနစ်သဘာဝမြေဩဇာ ဖြန့်ဖြူးရေးကိုယ်စားလှယ်တာဝန်ခံ ဦးမျိုးမြင့်အောင်က မြေဆီစူပါဩဂဲနစ် သဘာဝမြေဩဇာ အသုံးပြုခြင်းကြောင့်ရရှိမည့် အကျိုးကျေးဇူးများ စားပင်သီးပင်အလိုက် မြေဆီစူပါဩဂဲနစ် သဘာဝမြေဩဇာအသုံးပြုပုံ အသုံးပြနည်း အသုံးပြုသင့်သည့်အချက်များစသည့် တောင်သူများအကျိုးရှိမည့် အကြောင်းအရာများအား ဆွေးနွေးဟောပြောမိတ်ဆက်ခဲ့ပြီး တောင်သူများမှလည်း သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြသည်။  အဆိုပါဟောပြောပွဲတွင် မြို့နယ်အတွင်းရှိ တောင်သူ(၈၀)ဦး တက်ရောက်ခဲ့ကြောင်းနှင့် အခမ်းအနား တက်ရောက်ကြသည့် တောင်သူများအား ဩဂဲနစ်ဓါတ်မြေဩဇာနှင့် ရွက်ဖြန်းဆေးများကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချောင်းဆုံ(ပြန်/ဆက်)