လားရှိုး ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ အမှတ်(၁)မူလတန်းကြိုကျောင်းခန်းမတွင် ယမန်နေ့မွန်းလွဲ(၂) နာရီအချိန်က အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ကျား/မအခြေပြုအကြမ်းဖက်မှု (GBV) အသိပညာပေးသင်တန်း အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် လားရှိုးခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမျိုးက အဖွင့်အမှာစကားပြောကြားပြီး လားရှိုးမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးအေးမွန်က (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်း အမှတ်အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် သင်တန်းတက်ရောက်လာသော သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး တက်ရောက်လာသူများက စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ သင်တန်းကို အမှတ်(၁) မူလတန်းကြိုကျောင်းမှ ဦးစီးမှူးဒေါ်အေးမင်းမင်းစံက သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး