လမ်းမတော် စက်တင်ဘာ ၂၂
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဖြစ်ပွားခဲ့သော ရပ်ကွက်များအတွင်းရှိ လမ်းများ၌ Lock Down ချထားခြင်းခံရသော အိမ်ထောင်စုဝင်များအား စားဝတ်နေရေး အဆင်ပြေစေရန် We Love Yangon (Lanmadaw) မှ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် Lock Down ချသည့် ရပ်ကွက်များအတွင်းရှိ လမ်းများအတွင်း လတ်တလော စားဝတ်နေရေး အဆင်ပြေစေရန် Quarantine ဝင်နေသော အိမ်ထောင်စု များအား We Love Yangon (Lanmadaw) နှင့် ရပ်ကွက်အတွင်းနေ စေတနာရှင် ပြည်သူများမှ ငါးနီတူကြော်၊ ဘာလချောင်ကြော်၊ ရှူးရှဲလက်ဖက်၊ဆီ၊ကော်ဖီမစ်၊ ခေါက်ဆွဲခြောက်ထုပ်၊ နှာခေါင်းစည်း Masks များ၊ လှူဒါန်းပေးခဲ့ကြောင်း သတင်း ရရှိသည်။
ကျော်ဆန်းမြင့်