မူဆယ် ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ကောင်းနောင်ကျေးရွာ၊ အ.လ.က(၁) ကျောင်း တွင် ယနေ့နေ့လည် ၁ နာရီအချိန်က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက သဘာဝဘေး အသိပညာပေး ဟောပြောခဲ့သည်။
ယင်းဟောပြောပွဲတွင် မူဆယ်မြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုဦးစီးမှူး ဦးရဲလင်းအောင်က မြန်မာနိုင်ငံတဝှမ်းတွင် အဖြစ်များသော သဘာဝဘေးအန္တရာယ် အကြောင်းအရာ များ၊ ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်အတွင်း အဖြစ်များသော သဘာဝဘေးအန္တရာယ်ဖြစ်သည့် လေပြင်းအန္တရာယ်အကြောင်းများ၊ ငလျင်ဘေးအန္တရာယ်များကြောင့် ဘေးမဖြစ်ပွားမီနှင့် ဘေးဖြစ်ပွားချိန်တို့တွင် လိုက်နာဆောင်ရွက်ရမည့် အချက်များကို ဟောပြောခဲ့သည်။ ဆက်လက်ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ၊ အကြီးတန်းစာရေး ဒေါ်ဝင့်နန္ဒာဖူးမှလည်း ရာသီအချိန်ကာလမရွေး ဖြစ်ပွားတတ်သော မီးဘေးအန္တရာယ်နှင့် ပက်သက်၍လည်း ကြိုတင်ပြင်ဆင် ရမည့် အချက်များ၊ မီးလောင်နေစဉ် ဆောင်ရွက်ရမည့် အချက်များနှင့် မီးငြှိမ်းသတ်ရမည့် နည်းလမ်းများအား ဟောပြောခဲ့သည်။ ယင်းနောက် ကျောင်းသူ/သားများအား သဘာဝ ဘေးအန္တရာယ်နှင့် ပက်သက်သည့် လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲကို အ.လ.က(၁) ကျောင်းမှ ဆရာ/မများ အပါအဝင် ကျောင်းသူ/သား (၁၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
ချယ်ရီမြေ(မူဆယ်)