အမရပူရ ဒီဇင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူမြို့တွင် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၆ နာရီခွဲအချိန်က အမရပူရစုပေါင်းရုံးတွင် စုရပ်ပြုလုပ်၍ လူထုစုပေါင်းလမ်းလျှောက်ပွဲကို စတင်ခဲ့ သည်။
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်နှင့် ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာသန်စွမ်းမှုရှိစေရေး ဌာနဆိုင်ရာ ဝန်ထမ်းများ၏ လမ်းလျှောက်ပွဲတွင် ပြည်သူလူထုတစ်ရပ်လုံး ပူပေါင်းပါဝင်လာ စေရန်အတွက် ရည်ရွယ်ပြီး လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဆောင်ရွက်ရခြင်းဖြစ်ပြီး စုပေါင်းရုံး ရှေ့မှ ဦးပိန်တံတားထိ လမ်းလျှောက်ကြပြီး စုပေါင်း၍ ကာယသွေးပူလေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ ကြသည်။
အဆိုပါ လူထုလမ်းလျှောက်ပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ထွန်းနှင့် အဖွဲ့ဝင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာနဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများ ပူးပေါင်းကာ ပါဝင်ဆင်နွှဲခဲ့ကြပြီး အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုးသီဟ(အမရ)