စစ်တွေ ဒီဇင်ဘာ ၁၀
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ် ဒီဇင်ဘာလအား လူထုအားကစားလအဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်း ကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ၊ Physical Fitness Dance များ စုပေါင်းဆောင်ရွက်လျက် ရှိရာ ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်း လျှောက်ပွဲကို ယနေ့နံနက်၆ နာရီက စစ်တွေမြို့ ရှုခင်းသာလမ်းဆုံရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စုပေါင်း လမ်းလျှောက်ပွဲသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊နယ်မြေခံ စစ်ဌာနချုပ်မှူး၊ ဌာနဆိုင်ရာဝန်ထမ်း၊ ကျောင်းသား ကျောင်းသူများ၊ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြသည်။
ရခိုင်ပြည်နယ် ဒီဇင်ဘာလူထုအားကစားလ ပထမအပတ် စုပေါင်းလမ်းလျှောက်ပွဲအား စစ်တွေမြို့ ရှုခင်းသာလမ်း တြိဂံခွဆုံရှေ့မှ စတင်၍ ရှုခင်းသာလမ်းအတိုင်း ပျော်ရွှင်စွာစု ပေါင်းလမ်း လျှောက်ခဲ့ကြပြီး စစ်တွေကမ်းခြေအတွင်းသို့ ဝင်ရောက်ကာ အကြောလျှော့လေ့ ကျင်းခန်းများဆောင်ရွက်၍ စုပေါင်းကိုယ်လက် ကြံခိုင်ရေးလေ့ကျင့်ခန်း အစီအစဉ် အတွဲအမှတ်(၁)နှင့် အမှတ်(၂)တို့ကို ဆောင်ရွက်ခဲ့ကြသည်။
ယနေ့ ကျင်းပသည့် စုပေါင်းလမ်းလျှောက်ပွဲနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း စုပေါင်းဆောင်ရွက်ပွဲသို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲဝင်များ၊ နယ်မြေခံစစ်ဌာနချုပ်မှူး၊ ဌာနဆိုင်ရာများ၊သင်တန်းကျောင်းများ၊ ကျောင်းသား၊ကျောင်းသူများ၊ စစ်တွေမြို့ပေါ်ရပ်ကွက်များရှိ ဒေသခံတိုင်းရင်းသား ပြည်သူများ စုစုပေါင်းအင်အား (၃၀၀၀) ဦးခန့် ပါဝင်ဆင်နွှခဲ့ကြပြီး ဒီဇင်ဘာလ၏ အပတ်စဉ်စနေနေ့တိုင်း စုပေါင်း အားကစားလှုပ်ရှားမှုများကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
(ပြည်နယ် ပြန်/ဆက်)