သံတွဲမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကျင်းပ

သံတွဲ ဒီဇင်ဘာ ၁၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ လှုမှုဝန်ထမ်းဦးစီးဌာနမှ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတွဲခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းမြတ်ဖြူက အဖွင့်အမှာစကားပြောကြားခဲ့ သည်။ ဆက်လက်၍ ကျောက်ဖြူခရိုင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်နွယ်ထွန်းက ကမ္ဘာပေါ်ရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်ခြင်း၊ လိပ်ပိုင်းဆိုင်ရာ အကြမ်းဖက် ခြင်းများသည် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်း ဖြစ်ပါကြောင်း၊  အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ် တန့်စေရန် ရည်မှန်းပြီး ၁၉၉၁ ခုနှစ် မှ စတင်ကာ Women's Global Leadership Institute မှ ဦးဆောင်ပြီး အမျိုးသမီးများအား အကြမ်း ဖက်မှု ဆန့်ကျင့်သည့် (၁၆) ရက်တာ လှုပ်ရှားမှုများကို နှစ်စဉ် နိုဝင်ဘာ(၂၅) ရက်နေ့မှ ဒီဇင်ဘာ (၁၀) ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်မှ စတင်၍ (၁၆) ရက်တာလှုပ်ရှားမှုကို လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်ကာ အသိပညာပေး ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ ပြုလုပ်ခြင်း၊ လက်ကမ်းစာစောင်များကို ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့  အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်