မိတ္ထီလာ ဒီဇင်ဘာ ၁ဝ
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂ဝ၂၂ခုနှစ် ဒီဇင်ဘာအားကစားလလူထုစုပေါင်းလမ်းလျှောက်ပွဲ (ဒုတိယအပတ်) ယနေ့နံနက် ၅ နာရီ ၃ဝမိနစ်အချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့၏ ဦးဆောင်မှုဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါဒီဇင်ဘာအားကစားလလူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော် ဦးနှင့်နှင့် အဖွဲ့ ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ ၊ ခရိုင်နှင့်မြို့နယ်အား ကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဆရာဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက ခရိုင်တရားရုံးအနီးလမ်းဆုံမှ အထက(၂) ဘောလုံးအားကစားကွင်းအထိ စုပေါင်းလမ်းလျှောက်ကြပြီး ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ စုပေါင်း ပြုလုပ်ခဲ့ကြသည်။ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ကို အပတ်စဉ် စနေနေ့တိုင်း ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဆက် လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ချမ်းသာ