မိုင်းယောင်း ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၁ ဗိုလ်မှူး ကျော်မင်းဆွေနှင့် တာဝန်ရှိသူများက ဝမ်ရှဲန်းကျေးရွာအနီးတွင် နယ်မြေစည်းရုံးရေး ရှောင်တခင် စိစစ်ခြင်းလုပ်ငန်းများကို လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကိုကိုလှိုင်နှင့် တာဝန်ရှိသူများက ရတနာ၊ ယမ်းခမ်းနှင့် ဝမ်းဒီးဂရု စက်သုံးဆီဆိုင်များအား ပုံမှန်ဈေးနှုန်းများဖြင့် ရောင်းချမှုရှိစေရေး၊ အရည်အသွေးနှင့် အချင်အတွယ် မှန်ကန်မှု ရှိစေရေး စစ်ဆေးခြင်းလုပ်ငန်းများကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်-၂ ဦးစိုင်းဘွန်းစီနှင့် တာဝန်ရှိသူများက ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ထပ်လုံစေတီတော် သာသနာ့မြေဌားဂရန် လျှောက်ထား နိုင်ရေးလုပ်ငန်းများကိုလည်းကောင်း အသီးသီး ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း