ကျိုင်းတုံ ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်း လျှောက်ပွဲ(ဒုတိယပတ်)နှင့် အားကစားပြိုင်ပွဲများကို ဒီဇင်ဘာ ၁၀ ရက် နံနက် ၅ နာရီခွဲက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
စုပေါင်းလမ်းလျှောက်ပွဲတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည့်သူများ၊ ကျောင်းသား၊ ကျောင်းသူများ ၅၀၀ ကျော် စုပေါင်းပါဝင်ပြီး မြို့လယ်လွတ်လပ်ရေးကျောက်တိုင် စုရပ်မှ နောင်တုံကန်တစ်ပတ်စုပေါင်းလမ်းလျှောက်ကြပြီး မြို့မအားကစားကွင်း၌ ကိုယ်လက် ကြံ့ခိုင်ရေး နှင့်Fitness Dance ကိုယ်ကာယလေ့ကျင့်ခန်းများစုပေါင်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
လမ်းလျှောက်ပွဲအပြီးတွင် ဒီဇင်ဘာ လူထုအားကစားပြိုင်ပွဲများအဖြစ် ထုတ်ဆီးထိုး၊ လွန်ဆွဲနှင့် ပိုက်ကျော်ခြင်း ပြိုင်ပွဲများကို မြို့မအားကစားကွင်းတွင် ဆက်လက်ကျင်းပရာ ဌာနဆိုင်ရာဝန် ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာနေပြည်သူများက ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)