ထန်းတပင်(ရန်ကုန်)၊ ဒီဇင်ဘာလ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလူထု အားကစားလအဖြစ် စုပေါင်းလမ်း လျှောက်ပွဲကိုကျင်းပ ပြုလုပ်လျက်ရှိပြီး ဒီဇင်ဘာလ(၁၀)ရက်နေ့၊ နံနက်ပိုင်းကလည်း ဒုတိယအပတ်မြောက်အဖြစ် စုပေါင်းလမ်းလျှောက်ပွဲကိုကျင်းပပြုလုပ်သည်။
တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်အတွက် ဒီဇင်ဘာလူထုအားကစားလတွင် စုပေါင်း လမ်းလျှောက်ပွဲ ကိုကျင်းပပြုလုပ်ခြင်း ဖြစ်ပြီးစုပေါင်းလမ်းလျှောက်ပွဲသို့လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာန ဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်သား၊ ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူများကပါဝင်ဆင်နွှဲခဲ့ကြသည်။
စုပေါင်းလမ်းလျှောက်ပွဲ ဆင်နွှဲရာတွင်လည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့မှ စတင်၍ မြို့ဝင်ဆိုင်းဘုတ် အထိစုပေါင်းလမ်း လျှောက်ခဲ့ကြပြီးမြို့မ အားကစားကွင်းတွင် ကိုယ်ကာယလေ့ကျင့်ခန်း များကို စုပေါင်းဆောင်ရွက်ကာ ဆောင်ရွက်ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)