ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ (၁၈) ဉီး အား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်းပို့ဆောင်

ချင်းရွှေဟော်  စက်တင်ဘာ    ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ  မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ  ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး  လုပ်ငန်းကော်မတီ ဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဉီးသက်ဉီးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင် ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေး အတွက်  စနစ်တကျ စီစဉ်လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယမန်နေ့ညနေ(၅)နာရီအချိန်က နေရပ်ပြန် ပြည်သူ(၁၈) ဉီး အား လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထပ်မံလွှဲပြောင်းပို့ဆောင်ပေးခဲ့သည့်  နေရပ်ပြန်ပြည်သူ(၁၈)ဉီးမှာ အမျိုးသမီးများ ဖြစ်ကြပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ(၁)ဉီး၊ လှိုင်သာယာမြို့နယ်မှ(၁)ဉီး၊ ရွှေပြည်သာမြို့နယ်မှ(၁)ဉီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့နယ် မှ(၇)ဉီး၊ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်မှ(၁)ဉီး ၊ ကြို့ပင်ကောက်မြို့နယ်မှ(၁)ဉီး၊ အုတ်တွင်းမြို့နယ် မှ(၁)ဉီး၊ မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်မှ (၁)ဉီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်မှ(၁)ဉီး၊ ချင်းပြည်နယ် တီးတိန် မြို့နယ်မှ(၂)ဉီးနှင့် တွန်းဇန်မြို့နယ်မှ(၁)ဉီးတို့ဖြစ်သည်။

ထိုသို့  ချင်းရွှေဟော်မြို့   ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ သက်ဆိုင်ရာ  တိုင်းဒေသကြီး/ ပြည်နယ်များသို့ နေရပ်ပြန်ပြည်သူများအား   စနစ်တကျ စီစဉ်လွှဲပြောင်း ပို့ဆောင်ပေးလျက်ရှိရာ  ဧပြီလ ၃၀ ရက်နေ့  မှ ယနေ့ အထိ အမျိုးသား(၈၄၅၇)ဉီး နှင့် အမျိုးသမီး(၆၈၁၇)ဉီး တို့ဖြစ်ပြီး စုစုပေါင်း နေရပ်ပြန်ပြည်သူ(၁၅၂၇၄)ဉီး တို့ကို လွှဲပြောင်းပို့ဆောင် ပေးခဲ့ကြောင်း သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)