မန္တလေး ဒီဇင်ဘာ ၁၀
ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်(မန္တလေး)၏ တက္ကသိုလ်အဝင် မုဒ်ဦးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၁:နာရီ က မန္တလေး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ တက္ကသိုလ်ရှေ့ရှိ အဆိုပါမုဒ်ဦးရှေ့တွင် ကျင်းပသည်။
အစီအစဉ်အရ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး)၏ တက္ကသိုလ်အဝင်မုဒ်ဦးကို ဒုတိယပါမောက္ခချုပ် ဒေါက်တာလင်းထက်မြင့်၊ အမှတ်(၈) စစ်နယ်မြေမှူး ဗိုလ်မှူးကြီး မိုးကျော်ထွန်းနှင့် အောင်မြေသာစံခရိုင် အုပ်ချုပ်ရေးမှူး ဒေါက်တာအောင်ဆွေတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် တက္ကသိုလ်ကမ္ဗည်းမော်ကွန်းအား ကြွရောက်လာသော ဧည့်သည်တော်များနှင့် တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များက အမွှေးနံသာရည်များဖြင့် ပတ်ဖြန်း ပေးခဲ့ကြသည်။
အခမ်းအနားသို့ ဆေးပညာနှီးနွယ်တက္ကသိုလ်များမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်(မန္တလေး)တွင် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် တက္ကသိုလ်မုဒ်ဦး ဆောက်လုပ်ခြင်း (အလျား ၂၇.၇၅ ပေ)x အမြင့် ၁၈.၅ ပေ) ဆောက်လုပ်ခြင်းကို ငွေလုံးငွေရင်းရန်ပုံငွေ တန်ဘိုးကျပ် (၂၆.၄၉၁)သန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)