နမ့်ဆန်မြို့နယ် မန်လုံးကျေးရွာအုပ်စုအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများမှ ဇယန်းကြီးကျေးရွာအုပ်စု ဇယန်းကြီးဘုန်းတော်ကြီးကျောင်းသို့ စစ်ဘေးရှောင် ရောက်ရှိ

နမ့်ဆန် ဒီဇင်ဘာ ၉

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် မန်လုံးကျေးရွာအုပ်စုအတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများသည် နမ့်ဆန်မြို့နယ် ဇယန်းကြီးကျေးရွာအုပ်စုရှိ ဇယန်းကြီးဘုန်းတော်ကြီးကျောင်းသို့ ယမန်နေ့နံနက်ပိုင်းတွင် လာရောက်စစ်ဘေးရှောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူများအတွက် နေထိုင်စားသောက်ရေးကိစ္စနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဇယန်းကြီးဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးပညာသီရိနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့၊  မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ အလှူရှင်များ ကျေးရွာအုပ်ချူပ်ရေးမှူးများတို့မှ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး၊ ဒီဇင်ဘာ(၈)ရက်နေ့ ဇယန်းဘုန်းတော်ကြီးကျောင်းတွင် လာရောက်စစ်ဘေးရှောင်သော လူဦးရေမှာ အိမ်ထောင်စု (၈)စု၊ ကျား (၁၅)ဦး၊ မ (၂၃)ဦးဖြစ်ပြီး၊ ဒီဇင်ဘာ (၉)ရက်နေ့တွင် အိမ်ထောင်စု (၁၂)စု၊ ကျား (၁၀)ဦး၊ မ (၃၃)ဦး၊ စုစုပေါင်း လူဦးရေ(၁၁၉)ဦး ရောက်ရှိကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)