”ပန်းခင်းစီမံချက်(၂)”ဖြင့် လင်းခေး အခြေခံပညာအထက်တန်းကျောင်း၌ ‌ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

လင်းခေး  ဒီဇင်ဘာ ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှမြို့ နယ်ဦးစီးမှူး ဦးစိုင်းကြည်ရွှင်နှင့် ဝန်ထမ်းများသည်  “ပန်းခင်းစီမံချက်()”ဖြင့် လင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ အသက် (၁၀)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား (၂၆)ဦးနှင့် ကျောင်းသူ (၂၉)ဦး စုစုပေါင်း (၅၅)ဦးတို့ကို အသက်၁၀နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြပါသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းထားကြည်နှင့် အခြေခံပညာအထက် တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာမိုးနိုင်တို့က ကြီးကြပ်၍ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)