ဂွ ဒီဇင်ဘာ ၉
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် ၂၀၂၂ ခုနှစ် ၊ဒီဇင်ဘာ (၁၅)ရက်နေတွင် ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်က ၂၀၂၂ ခုနှစ် ၊ဒီဇင်ဘာ (၁၅)ရက်နေ့တွင် ကျရောက်မည့် (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက်ဆောင်ရွက်မည့် အစီအစဥ်များ၊ ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် စာစီ စာကုံးနှင့်ပန်းချီပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများအတွက် ဆုချီးမြှင့်မည့်အစီအစဥ်များ၊ မြို့နယ် ထူးချွန်အားကစားသမား တစ်ဦးအား ဆုချီးမြှင့်မည့် အစီအစဥ်နှင့် ယိမ်းအကဖြင့်ဖျော်ဖြေ တင်ဆက်မည့် အစီအစဥ်များအား တက်ရောက်လာသူများက ဆွေးနွေးပေး ကြစေလိုကြောင်းနှင့် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အကြို လူထုလမ်းလျှောက်ပွဲဆင်နွှဲနိုင်ရေးနှင့် လမ်းလျှောက် ပွဲဆင်နွှဲမည့် လူထုအတွက် မုန့်နှင့်ကော်ဖီ ကျွေးမွေးနိုင်ရေးတို့ကို ဌာနဆိုင်ရာများက စုပေါင်း၍ စီစဉ်ဆောင်ရွက်သွားနိုင်ရေး စသည့်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အား/ကာ ဦးစီးမှူး ဦးကျော်မင်းလွင်က (၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အကြို ပိုက်ကျော် ခြင်းပြိုင်ပွဲ ကျင်းပမည့် အခြေအနေနှင့် အခမ်းအနားတွင် ဆုများထည့်သွင်း ချီးမြှင့်နိုင်ရေးအတွက် ဆောင်ရွက်ထားသည့် အစီအမံများ၊ လူထုလမ်း လျှောက်ပွဲတွင် ဒီဇင်ဘာလ(၁၀)ရက်နေ့ နှင့် (၂၄)ရက်နေ့များတွင် သိမ်ကုန်းဘုရားရှေ့၌ စုရပ်ထားရှိပြီး ကျော်ဇံဆီဆိုင်အထိ၊ ကျော်ဇံ ဆီဆိုင်မှ မြို့နယ်အားကစားကွင်းအထိ လမ်းလျှောက်ရန်နှင့် ဒီဇင်ဘာလ (၁၇)ရက်နေ့နှင့် (၃၁) ရက်နေ့များတွင် မြို့နယ်ထွေ/အုပ်၌ စုရပ်ထားရှိပြီး ကိုးလောင်းကွေ့ ဘုရားကုန်းအထိ၊ ကိုးလောင်းကွေ့ဘုရားကုန်းမှ မြို့နယ်အားကစားကွင်းအထိ လမ်းလျှောက်ရန် အစီအစဥ်များအား ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက လုပ်ဆောင်မည့် လုပ်ငန်းတာဝန်များအား အသီးသီးဆွေးနွေးတင်ပြကြရာတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်