မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂ခု နှစ်၊ အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ် စာမေးပွဲ စတင်ဖြေဆို

မြောက်ဥက္ကလာပ ဒီဇင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၂ခုနှစ်၊ အဘိဓမ္မာနှင့်ဝိသုဒ္ဓမဂ် စာမေးပွဲကို ယနေ့နေ့လယ်  ၁၂ နာရီ က (၂)ရပ်ကွက် ဆုတောင်းပြည့် မယ်လမုစေတီတော် သာသနာ့ဗိမာန် (၃)ထပ်ဆောင်တွင် စတင်ဖြေဆို ခဲ့ကြောင်းသိရသည်၊၊

ထိုသို့ဖြေဆိုရာတွင် အဘိဓမ္မာ(ရိုးရိုး) ဖြေဆိုသူ(၄၂)ဦး၊ အဘိဓမ္မာ (ဂုဏ်ထူးဆောင်) ဖြေဆိုသူ(၃၉)ဦး၊ ဝိသုဒ္ဓမဂ် ဖြေဆိုသူ (၂၆)ဦး စုစုပေါင်း(၁၀၇)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး စာမေးပွဲဖြေဆိုရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လောဟာနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မိုးသူတို့မှ မြောက်ဥက္ကလာပမြို့နယ် စာစစ်ဌာနသို့ သွားရောက်ကြည့်ရှုပြီး ကြီးကြပ်ရေးဆရာတော်ကြီးများအား သွာရောက်ဖူးမျှော်ခဲ့ပြီး လိုအပ်သည်များမှာကြားခြင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးမှ စာမေးပွဲဖြေဆိုသူများနှင့် ကြီးကြပ်ရေးဆရာတော်များအား ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)