မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာတောင်သူ လယ်သမားများအား နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေးကွင်းဆင်းပညာပေးဆောင်ရွက်

တောင်ပြိုလက်ဝဲ ဒီဇင်ဘာ ၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သ​င်္ဘောလှကျေးရွာတောင်သူလယ်သမားများအား နွေစပါးတိုးချဲစိုက်ပျိုးနိုင်ရေးကွင်းဆင်းပညာပေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က သင်္ဘောလှကျေးရွာ အခြေခံပညာမူလွန်ကျောင်းခန်းမ၌ ပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ထိုသို့ ဆောင်ရွက်ရာတွင် တောင်ပြိုလက်ဝဲမြို့၊စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးအေးကံလှိုင်မှ ကျေးရွာနေတောင်သူများအား နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေးပညာပေး ဆောင်ရွက်ရခြင်းအားရှင်းပြောကြားရာ ဒေသဝမ်းစာဖုံလုံရေးအတွက် တိုးမျိုးကောင်းမျိုးသန့်စပါးများကို ရွေးချယ်စိုက်ပျိုးရန်နှင့် နွေစပါးတိုးချဲစိုက်ပျိုးရေး နည်းလမ်းများဖြစ်သည့် မြေယာပြုပြင်ခြင်း၊ စိုက်စနစ်မှန်ကန်ခြင်း၊ မြေသြဇာစနစ်တကျအသုံးပြုခြင်း၊ ရေပေးသွင်းမှုမှန်ကန်ခြင်း၊ ပေါင်းမြက်များ ရှင်းလင်းပေးခြင်းတို့ကို ​တောင်သူလယ်သမားများအား ကွင်းဆင်းပညာပေးခဲ့ကြောင်း သိရ သည်။

ထိုသို့ တောင်သူလယ်သမားများအားပညာပေးဆောင်ရွက်ရာသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တောင်သူလယ်သမား စုစုပေါင်း ၄၀ ဉီးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 သိန်းနိုင်(ပြန်/ဆက်)