ဝမ်းတွင်းမြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ဝမ်းတွင်း ဒီဇင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြိုနယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း (ဝမ်းတွင်း) တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူးက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးများနှင့်စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်အိငြိမ်းဖြိုး အမျိုးသမီးများ အကြမ်းဖက်မှုနှင့် ပတ်သက်၍ ဥပဒေဆိုင်ရာများကို အသိပညာပေးဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းကျော်သူက လူကုန်ကူးမှုနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများဆိုင်ရာကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ကျောင်းသူ (၁၀၀) ဦးအား ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူးနှင့် အဖွဲ့ဝင်များက အဟာမုန့်များ ကျွေးမွေးခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌကြီးနှင့် အဖွဲ့ဝင်များသည် မြိုနယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတွင် ကျင်းပပြုလုပ်သော မူကြိုကလေးငယ်များ ကာယစွမ်းရည်ပြိုင်ပွဲသို့ တက်ရောက်အားပေးခဲ့ပြီး မူကြိုကလေးငယ်များရဲ့  အပြေး ပြိုင်ခြင်း၊ အာလူးကောက်ခြင်း၊ လေပူဖောင်းဖောက်ခြင်း၊ မုန့်စားခြင်း၊ ထိုင်ခုံလုခြင်း စသည့်ပြိုင်ပွဲများကို အားပေးကြည့်ရှုခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကလေးငယ်များအား  ပထဆု (၂) ဆု၊ ဒုတိယဆု (၂) ဆု၊ တတိယဆု (၂) ဆု စသည့် ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဝမ်းတွင်းမြိုနယ် မိခင်နှင့်ကလေး စောက်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာ အဖွဲ့တို့ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် မူကြိုကလေးငယ်များ၏ ကာယစွမ်းရည်ပြိုင်ပွဲသို့ ခရိုင်အမျိုးသမီးရေးရာ အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးရဲမြင့်သိန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)