ကျိုက်မရော ဒီဇင်ဘာ ၉
မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (talk-show)ကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက ကလေးသူငယ်အခွင့်အရေးဆိုင်ရာနှင့်ပတ်သက်၍ အသိပညာပေး Talk-Show ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး ကျိုက်မရောမြို့နယ် ဥပဒေရုံးမှ ဒုတိယမြို့နယ်ဥပဒေအရာရှိ ဦးရှိုင်းကိုကိုက ပြည်သူများအား ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေများနှင့် ပြစ်မှု ပြစ်ဒဏ်များအကြောင်း၊ ကလေးများ၏အခွင့်အရေးများ၊ ယခင်က ပြဠာန်းထားသည့် ဥပဒေများ၊ ၂၀၁၉ ခုနှစ် ဇွန်လ. ၂၃ ရက်နေ့တွင် ကလေးသူငယ် ဥပဒေကို အသစ်ပြဌာန်းဖွဲ့စည်းကာ လက်ရှိတရားရုံးများတွင် ယခုဥပဒေအတိုင်း ကျင်သုံးလျက်ရှိကြောင်း၊ ကလေးသူငယ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင် ကလေးသူငယ်၏ အခွင့်အရေးများကို ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဆွေးနွေးရှင်းလင်းဆွေးနွေးပေးခဲ့သည်။
ကျိုက်မရော မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွငိးရှိ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ စာပေချစ်မြတ်နိုးသူ Club အဖွဲ့စည်းများနှင့် ပူးပေါင်း၍ အပတ်စဉ်လစဥ်ပညာပေးဆွေးနွေးပွဲများ၊ စာဖတ်ဝိုင်းများ၊ အစည်းအဝေးပွဲများပြိုင်ပွဲများကို အွန်လိုင်းမှ တစ်ဆင့့်ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ပြုလုပ်သော “ကလေးသူငယ်အခွင့် အရေးဆိုင်ရာဆွေးနွေးပွဲ Talk-Show ကို We love kyaikmaraw facebook Page စာမျက်နှာ၌ တိုက်ရိုက် ဝင်ရောက်ကြည့်ရှုနိုင်ပြီးဖြစ်ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ ဆက်)