လင်းခေးမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုစာရေးဝန်ထမ်းတို့အား နိုင်ငံတော်၏ ကိုယ်စား ထောက်ပံ့ငွေများ ပေးအပ်

လင်းခေး စက်တင်ဘာလ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်း‌ခေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ရပ်ကွက် / ကျေးရွာအုပ်စု စာရေး ဝန်ထမ်း (၁၉)ဦးအား ယနေ့ ယမန်နေ့ မွန်း လွဲ (၂)နာရီအချိန်က တာဝန် ရှိသူတို့မှ ထောက်ပံ့ ငွေပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ရပ်ကွက်/ကျေးရွာအုပ်စုစာရေးဝန်ထမ်းတို့သည်ရပ်ကွက် ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲရုံးများတွင် အတွင်းရေးမှူးတာဝန်ထမ်း ဆောင်ရပြီး ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အဓိကအရေးကြီးသော မဲဆန္ဒရှင် စာရင်းပြည့်စုံမှန်ကန် စေရေးအတွက် တစ်အိမ်တက်တစ်အိမ်ဆင်း မြေပြင်ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးခဲ့သည့် (၁-၈-၂၀၂၀)မှ(၃၁-၉-၂၀၂၀)အတွင်း ရုံးပိတ်ရက်(၁၉)ရက် အပါအဝင် တစ်ရက်လျှင် ငွေကျပ်(၄၈၀၀)နှုန်းဖြင့် ဝန်ထမ်းတစ်ဦးလျှင် ငွေကျပ်(၉၁၂၀၀)တိတိ၊ ဝန်ထမ်း(၁၉)ဦးအတွက် စုစုပေါင်း ငွေကျပ် (၁၂၇၆၈၀၀) တစ်ဆယ်နှစ်သိန်းခုနှစ်သောင်း ခြောက်ထောင်ရှစ်ရာကျပ် တိတိအား နိုင်ငံတော် ၏ ကိုယ်စား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် တာဝန်ရှိသူတို့မှ ရပ်ကွက်/ကျေးရွာ အုပ်စုစာရေးဝန်ထမ်းတို့၏ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။   

လင်းခေးခရိုင်(ပြန်/ဆက်)